Friday, December 6, 2013

::: ရွှေစည်းခုံစေတီေ တ်ာသမိုင်းကြောင်း :::

::: ရွှေစည်းခုံစေတီေ တ်ာသမိုင်းကြောင်း ::: ~~~~~~~~~~~~~~~~~~~~~~~~~~~~~


ရွှေစည်းခုံစေတီေ တာ် တည်နေရာ ညောင်ဦးမြို့၊ ဧရာဝတီမြစ် ...ကမ်းနဖူး ဉာဏ်တော် ပေ (၁၆၀) ကျော်ကြားမှု ပုဂံမင်းနှစ်ပါး တည်ခဲ့ပြီး၊ သိမှတ်ဖွယ်ရာ၊ အံ့ဘွယ်များကြောင့် ရွှေစည်းခုံစေတီေ တ်ာသည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း၊ မိုင်ဝက်ခန့် ဧရာဝတီမြစ်ကမ်းန ဖူးရှိ ပေ(၇၅၀)ကျော်ခန့်  ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။


သမိုင်း


ပုဂံပြည့်ရှင် သီရိအနုရုဒ္ဓ ဒေ၀ခေါ် အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမ၀ိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ၀ိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံြ့ ပန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။


အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ့  ရတနာပြဿာဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ၀တ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော် ရှင်အရဟံမထေရ်က သတ္တ၀ါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဥာဏ်ပေးခဲ့သ ည်။


အနော်ရထာမင်းလည်း ရှင်အရဟံမထေရ်၏ အကြံဥာဏ်မှာ အလွန် လှော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ သည်။


မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။


ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့ မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ၀ပ်လေသည်။ ဆင်ဖြူတော် ၀ပ်ရာ သဲစည်းခုံတွင် စွယ်တော် မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုပ်ပြည်မှ ရသော မြဆင်းတုတစ်ဆူ နှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။


ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက် တွင်ပင် အနော်ရထားမင်း နတ်ရွာစံ(သေဆုံး) ခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနော က် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင် မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ် အထိ နှစ်ပေါင်း ၃၁-နှစ်ကြာ၏။


စေတီတည်ထားပုံ


ရွှေစည်းခုံစေတီေ တ်ာကြီးသည် မူလက ကျောက်ချပ်မျာြး ဖင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော် ယနေ့အခါ ရွှေအထပ်ထပ်ချသောကြောင့် မူလကျောက်ပြားများ ပျောက်နေပြီး ရွှေတောင်ကြီးသဖွယ်ဖြစ်နေသည်။ ပစ္စယာအဆင့် ၃ ဆင့်ရှိသည် သုံးဆင့်အပေါ်မှ ရှစ်ထောင့်ကြာဝန်း၊ ကြေးဝိုင်း၊ ကြာမှောက်ကြာလှန်နှင့် ခါးပတ်ရှိသည်။ ယင်းအထက်တွင် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံ ၏ အထက် တွင် သပိတ်မှောက်နှင့် ဖောင်းရစ်ရှိသည်။


ဖောင်းရစ်အထက် ကြာစိတ်၊ ကြာမှောက်၊ ကြာပျံနှင့် ထီးတော် ရှိသည်။ ပစ္စယာ အဆင့်မှ ထီးတော်အထိ ပေ ၁၅၀ မြင့်သည်။ ပစ္စယာအဆင့်ဆင့် တွင် ငါးရာ့ ငါးဆယ်ဇာတ်တော် ရုပ်ကြွ အုပ်ချုပ်များရှိသည်။ ညာဖက်တွင် ဖေါ်ပြထားသောပုံေ တ်ာသည် ရွှံကိုမီးဖုတ်ပြီး ပြုလုပ် ထားသည့် ပုံတော်ဖြစ်သည်။


ရင်ပြင်တော်


စေတီ၏လေးဘက်လေးတန်၌ အုတ်ဂန္ဓကုဋီလေးဆောင်ရှိသည်။ ယင်းဂန္ဓကုဋီတိုက်များ အတွင်း၌ အလွန်လက်ရာမြောက်သော မတ်ရပ်ကြေးဆင်းတု တစ်ဆူစီ ရှိသည်။ ဥာဏ်တော် ၁၂ ပေမြင့်သည့် ပုဂံခေတ်လက်ရာဖြစ်သည်။ မူလက ဂန္ဓကုဋီတိုက်တံခါး များရှိသော်လည်း ယခုအခါ ၁ ခုသာ ကျန်တော့သည်။


ရင်ပြင်တော် အနောက်ဘက် ပိုင်းတွင် နတ်ရုပ်တု၊ ဘိုးတော်ရုပ်တု၊ သိကြားရုပ်တုစသည်များလည်း သူ့အဆောင်နှင့် သူရှိသည်။ ရင်ပြင်တော်အရှေ့ မြောက်ထောင့်တွင် ကျောက်စာရုံရှိသည်။


ကျောက်စာရုံ ထဲတွင် ခေတ်အဆက်ဆက်မှ ရေးထိုးထားခဲ့သည ကျောက်စာများထဲမှ ကျောက်စာ ၆ ချပ်ကို သိမ်းဆည်းထားသည်။ ကျန်းစစ်သားမင်းကြီး၏ ကျောက်စာတိုင်ကြီး ၂ တိုင်သည် အရှေ့ ဘက်မုခ် တွင်ရှိသည်။ ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည်။


သိမှတ်ဖွယ်ရာ


ရွှေစည်းခုံစေတေီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထ က်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စလောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။


ရွှေစည်းခုံစေတီေ တာ်၏ ပစ္စယံအဆင့်ဆင့်တွင် စဥ့်စိမ်းသိတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀)ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့် တကွ တွေ့ရသည်။ ရွှေစည်းခုံစေတီ၏ မျက်နှာလေးဖက်တွင် ကြေးဂူတိုက် လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (၃.၉၀)မီတာ (၁.၂၈)ပေခန့် အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရု ပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ၀ရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတည်းပညာ)ကို လေ့လာနိုင်သည်။


ရွှေစည်းခုံစေတီေ တာ်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃) ၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားလက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒပူရပြည်တွ င် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့် အကြောင်း ရေးထိုးထားသည်။


ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်နော်ရထာ အေဒီ(၁၅၅၀-၁၅၈၁) သည် ရွှေစည်းခုံစေတီက ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ထိုအကြောင်းကို (၂၃)မေ၊ (၁၅၅၇) ကလှူခဲ့သည့် (၂၁၀၀)ပိဿာ၊ (၃.၁၈)တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖြော်ပခဲ့သည်။


ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃-၁၇၇၆) သည် (၃၀)မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကိုထီးတော်တင်ပြီး၎င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။


ရွှေစည်းခုံ စေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု သိကြားရုပ်နှင့် သစ်သားပန်းပု တံခါးရွက်တို့ကို လေ့လာနိုင်သည်။


ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည့် ပန္နက်သဲဂူ၊ အုတ်ဇလားဂူ တို့လည်းရှိသည်။


အံ့ဘွယ်ကိုးပါး


ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါး နှင့်ပြည့်စုံသည်ဟု ယုံကြည်ကြသည်။ အတွင်းအံ့ကိုးပါး


၁။ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊


၂။စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။


၃။စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှ င် အပြင်သို့မရောက်ခြင်း။


၎။စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။


၅။တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။


၆။အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရြ ခင်း။


၇။စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။


၈။မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။


၉။စေတီတော် အရှေ့ တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတိြု့ ဖစ်သည်။


*ထို့အတွက်ကြောင့် ရှေးမှယနေ့တိုင် အစဉ်အဆက် မှတ်ခဲ့ကြသည်မှာ -တန်ခိုးမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ၊ အမြင့်မှာ သဗ္ဗေညု ဟူ၍ ဖြစ်သည်။


အပြင်အံ့ဘွယ်ကိုးပါး


၁။ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့်ဆင်ဖြူတော်ဝပ် သည့်နေရာသောင်ဖြစ်လာခြင်း။


၂။ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။


၃။ဧရာဝတီမြစ်ရေသ ည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။


၎။မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။


၅။စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။


၆။ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ခြင်းပေါက်ြ ခင်း။


၇။ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။


၈။ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။


၉။စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွ င် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။


ဘုရားသမိုင်းမှတ်တမ်းများမှ..ပြ န်လည်မျှဝေသည်။


Credit to ဗုဒ္ဓကမ္ဘာ ။


Thursday, December 5, 2013

ခန္ဓာဝန်ချသည်မှာ ခြောက်နှစ်ကြာသော်လည်း ဆားတောင်ဆရာတော်ကြီး ရုပ်ကလာပ် မပုပ်မသိုးရှိနေ

ခန္ဓာဝန်ချသည်မှာ ခြောက်နှစ်ကြာသော်လည်း ဆားတောင်ဆရာတော်ကြီး ရုပ်ကလာပ် မပုတ်မသိုးရှိနေ Friday, December 6, 2013


မန္တလေး တိုင်းဒေသကြီး စဉ့်ကိုင်မြို့အ နောက်ဘက် ငါးမိုင်ခန့်အကွာ ကသဲကုန်းကျေးရွာရှိ ဆားတောင် ပဋိပတ္တိရိပ်သာဝင်းအတွင်း ထာ ဝရဗိမာန်တော်ဖြင့် အပူဇော်ခံ ထားရှိသည့် ဆားတောင်ဆရာ တော်ကြီး ဦးပညာဏိက ၏ ဥတုဇ ရုပ်ကလာပ်တော်အား ယခုရက် ပိုင်းအတွင်း လာရောက်ဖူးမြော် လေ့လာသူများ များပြားလျက်ရှိ ကြောင်း သိရသည်။ ဆရာတော်ကြီးသည် ခန္ဓာ ဝန်ချသွားသည်မှာ ခြောက်နှစ် ကျော်ရှိပြီဖြစ်သော်လည်း ဥတုဇ ရုပ်ကလာပ် တော် သည် ယနေ့အ ချိန်အထိ မပုပ်မသိုးဘဲ တည်ရှိ နေရာ အသားအရည်မှာလည်းဝင်းအိနေဆဲဖြစ်ကာ အကြော စိမ်းများကိုပင် မြင်တွေ့ရသဖြင့် ထူးခြားမှုများ ဖြစ်ပေါ်နေသည့် ဆရာတော်ကြီးအကြောင်းကို တပည့် ဒါယကာ များက အများ ပြည်သူသိရှိနိုင်ရန် အင်တာနက် ပေါ်သို့တင်ပြီးနောက် လာရောက် ဖူးမြော်ကြသည့် အရေအတွက် မှာ ယခင်ကာလများကထက် သိ သာစွာ များပြားနေခြင်းဖြစ် ကြောင်း ထာဝရဗိမာန်တော်ထိန်း သိမ်းစောင့်ရှော က်ရေးကော်မတီ မှ ဦးထွန်းရွှေ က ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။


''ရဟန္တာမို့လို့သာ ဒီလိုမျိုး ရုပ်ကလာပ်တော် မပုပ်မသိုးဘဲ ကျန်ရစ်တာလို့ ဒီဘက်ကဒေသခံ တွေက ယုံကြည်တယ်။ ခြောက်နှစ်အတွင်းမှာလဲ ညာဘက် လက်မောင်းတော် တံတောင်ကွေး နေရာမှာ ဓာတ်တော်ကျခဲ့ပါ တယ်။ မြတ်စွာဘုရားရဲ့တရား တော် ကို ကျင့်ကြံရင် လက်တွေ့အကျိုးထူး ရတယ်ဆိုတာကို ဆရာတော်ကြီး က နောင်လာနောက်သားတွေ သိရှိအားထုတ်နို င်အောင် ဒီရုပ် ကလာပ်တော်ကို ထားရှိခဲ့ပုံပါပဲ။ ဟိုးအရင်ကတည်းကတော့ ဆရာ တော်ကြီးရဲ့ ရုပ်ကလာပ် တော် ကို လာရောက်ဖူးမြော် တဲ့သူတွေ ပုံ မှန်ရှိပေမယ့် အခုရက်ပိုင်းအတွင်း မှာ ဆရာတော်ကြီးတပည့်တွေ က အင်တာနက်ပေါ်မှာတင်ထား တဲ့ ဆရာတော်ကြီးရဲ့အကြောင်း နဲ့ ဓာတ်ပုံတွေကို ဖူးလိုက်ရပြီး တော့မှ နေရာကိုစုံစမ်းပြီး မျက် မြင် ကိုယ်တွေ့ လာဖူးကြတာပါ။ လာဖူးတဲ့သူအရေအတွက်က ပုံ မှန်မရှိဘဲ ရုံးပိတ်ရက်တွေနဲ့ လ ပြည့်နေ့တွေမှာဆိုရင် ပိုပြီးတော့ များသလို တချို့ဆိုရင်း ဝေးလံ တဲ့နယ်ဒေသတွေကနေ လာကြ တာမျိုးလဲရှိပါတယ်''ဟု ယင်းက ထပ်မံ ပြော သည်။


ဗိမာန်တော်အတွင်း ဆရာ တော်ကြီး၏အကြောင်းနှင့်အတူ မှတ်တမ်းဓာတ်ပုံများ၊ ဟောကြား ခဲ့သည့် တရားစာများနှင့် ဓာတ် တော်များကို လာရောက်သူများ ကြည့်ရှုလေ့လာဖူးမြော်နိုင်ရန် ဖော်ပြပေးထားရာ အဆိုပါရိပ် သာအတွင်းတွင် ကြွင်းကျန် ရစ် သောဓာတ်တော်များဖြင့် ရွှေစေ တီတစ်ဆူကို တည်ထားကြောင်း သိရသည်။


ဆားတောင်ဆရာတော် ကြီး၏မွေးရပ်ဇာတိမှာ စစ်ကိုင်း တိုင်းဒေသကြီး ဆားတောင်ကျေး ရွာအုပ်စု သင်းတွဲရွာဖြစ်ပြီး ခမည်း တော် ဦးငွေဒင်နှင့် မယ်တော် ဒေါ်ပြောင်းမယ်တို့မှ ၂၉.၁၀. ၁၉၂၅တွင် ဖွားမြင်ခဲ့ခြင်းဖြစ် သည်။ ၁၃.၁၁.၂ဝဝရခုနှစ်တွင် ခန္ဓာတော်ဝန်ချခဲ့ရာ မပုပ်မသိုး ဘဲ ကြွင်းကျန်ရစ်သည့်ရုပ်ကလာပ် တော်ကို ၁၀.၂.၂၀၀၈တွင် ထာ ဝရဗိမာန်တော်သို့ ပင့်ဆောင်အ ပူဇော်ခံခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။


ဆားတောင်ဆရာတော်ကြီး၏ မပုပ်မသိုးရှိနေ သည့် ရုပ်ကလာပ်တော်အားဖူးတွေ့ရစဉ်။


credit to ဓာတ်ပုံ-ခွန်စိုင်းအောင် &


The Yangon Times


ဘွဲ့တံဆိပ်တော်နှင့် အမည်များ၏ အဓိပ္ပါယ်

ဘွဲ့တံဆိပ်တော်နှင့် အမည်များ၏ အဓိပ္ပါယ် ======================


(၁) အဘိဓဇမဟာရဋ္ဌဂုရု


(၂) အဂ္ဂမဟာပဏ္ဍိတ


(၃) အဘိဝံသ


(၄) အလင်္ကာရ


(၅) ဘဒ္ဓန္တ


(၁) အဘိဓဇမဟာရဋ္ဌဂုရု ...အလွန်မြင့်မားစွာ စိုက်ထူအပ်သော တံခွန်အလံသဖွယ် ကြီးကျယ်မြင့်မြတ်တော်မူသည့် နိုင်ငံတော်၏ ဆရာသခင် အရှင်မြတ်-ဟု ဆိုလိုပါသည်။


( ၂ ) အဂ္ဂမဟာပဏ္ဍိတ...အလွန်မြင့်မြတ် ကြီးကျယ်သော ပညာရှိ မထေရ်မြတ်-ဟု ဆိုလိုပါသည်။


( ၃ ) အဘိဝံသ....မန္တလေးမြို့ သကျသီဟစာမေးပွဲ၊ ရန်ကုန်မြို့ စေတိယင်္ဂဏ စာမေးပွဲ စသော ပရိယတ္တိစာမေးပွဲကြီးတို့မှ အောင်မြင်တော်မူသော ရဟန်းတော်များအား ဆက်ကပ်သော ဘွဲ့-ဖြစ်သည်။


( ၄ )အလင်္ကာရ... မန္တလေး၊ ပဲခူး၊ ရန်ကုန် စသည်တို့တွင် ကျင်းပသော သာမဏေကျော် စာမေးပွဲများတွင် အောင်မြင်တော်မူသော သာမဏေများအား ယင်းအသင်းအဖွဲ့များက ဆက်ကပ်သောဘွဲ့ ဖြစ်သည်။ ယင်း ၃-နှင့် ၄-ဘွဲ့များကို မူလဘွဲ့တော်နှင် ဆက်၍ခေါ်ဝေါ်ရသဖြင့် မူလဘွဲ့ ဦးပဏ္ဍိတ, ရှင်ပဏ္ဍိတ ဖြစ်လျှင် ဦးပဏ္ဍိတာဘိဝံသ, ရှင်ပဏ္ဍိတာလင်္ကာရ-ဟူ၍ ဖြစ်သည်။


( ၅ ) ဘဒ္ဓန္တ...ဘဒ္ဓန္တ-ဟူသည်မှာ ပေးအပ်သော ဘွဲ့ထူး ဂုဏ်ထူး မဟုတ်၊ လေးစားရိုသေအပ်ေ သာ ဆရာတော် သံဃာတော်တို့အား ဘွဲ့တော်၏ရှေ့မှ ဦး, အရှင်-တို့အစား ရေးသား ခေါ်ဝေါ်အပ်သော အသုံးအနှုန်း ဖြစ်ပါသည်၊ ဦးပဏ္ဍိတ-ဟုဆိုလျှင် ဘဒ္ဒန္တ ပဏ္ဍိတ-ဟု ဆိုပါသည်။ ဦး အရှင်တို့အစား ပါဠိဘာသာဖြင့် ခေါ်ဆိုခြင်းဖြစ်ပါသည်။


ဘွဲ့တံဆိပ်တော်နှင့် အမည်များ၏ အဓိပ္ပါယ်

ဘွဲ့တံဆိပ်တော်နှင့် အမည်များ၏ အဓိပ္ပါယ် ======================


(၁) အဘိဓဇမဟာရဋ္ဌဂုရု


(၂) အဂ္ဂမဟာပဏ္ဍိတ


(၃) အဘိဝံသ


(၄) အလင်္ကာရ


(၅) ဘဒ္ဓန္တ


(၁) အဘိဓဇမဟာရဋ္ဌဂုရု ...အလွန်မြင့်မားစွာ စိုက်ထူအပ်သော တံခွန်အလံသဖွယ် ကြီးကျယ်မြင့်မြတ်တော်မူသည့် နိုင်ငံတော်၏ ဆရာသခင် အရှင်မြတ်-ဟု ဆိုလိုပါသည်။


( ၂ ) အဂ္ဂမဟာပဏ္ဍိတ...အလွန်မြင့်မြတ် ကြီးကျယ်သော ပညာရှိ မထေရ်မြတ်-ဟု ဆိုလိုပါသည်။


( ၃ ) အဘိဝံသ....မန္တလေးမြို့ သကျသီဟစာမေးပွဲ၊ ရန်ကုန်မြို့ စေတိယင်္ဂဏ စာမေးပွဲ စသော ပရိယတ္တိစာမေးပွဲကြီးတို့မှ အောင်မြင်တော်မူသော ရဟန်းတော်များအား ဆက်ကပ်သော ဘွဲ့-ဖြစ်သည်။


( ၄ )အလင်္ကာရ... မန္တလေး၊ ပဲခူး၊ ရန်ကုန် စသည်တို့တွင် ကျင်းပသော သာမဏေကျော် စာမေးပွဲများတွင် အောင်မြင်တော်မူသော သာမဏေများအား ယင်းအသင်းအဖွဲ့များက ဆက်ကပ်သောဘွဲ့ ဖြစ်သည်။ ယင်း ၃-နှင့် ၄-ဘွဲ့များကို မူလဘွဲ့တော်နှင် ဆက်၍ခေါ်ဝေါ်ရသဖြင့် မူလဘွဲ့ ဦးပဏ္ဍိတ, ရှင်ပဏ္ဍိတ ဖြစ်လျှင် ဦးပဏ္ဍိတာဘိဝံသ, ရှင်ပဏ္ဍိတာလင်္ကာရ-ဟူ၍ ဖြစ်သည်။


( ၅ ) ဘဒ္ဓန္တ...ဘဒ္ဓန္တ-ဟူသည်မှာ ပေးအပ်သော ဘွဲ့ထူး ဂုဏ်ထူး မဟုတ်၊ လေးစားရိုသေအပ်ေ သာ ဆရာတော် သံဃာတော်တို့အား ဘွဲ့တော်၏ရှေ့မှ ဦး, အရှင်-တို့အစား ရေးသား ခေါ်ဝေါ်အပ်သော အသုံးအနှုန်း ဖြစ်ပါသည်၊ ဦးပဏ္ဍိတ-ဟုဆိုလျှင် ဘဒ္ဒန္တ ပဏ္ဍိတ-ဟု ဆိုပါသည်။ ဦး အရှင်တို့အစား ပါဠိဘာသာဖြင့် ခေါ်ဆိုခြင်းဖြစ်ပါသည်။


Tuesday, December 3, 2013

“ကျေးဇူးရှင်ဆားတောင် ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ“

“ကျေးဇူးရှင်ဆားတောင် ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ“ ••••••••••••••••••••••••••••••••••••••••••••••••••••••


(၁) ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့် ကြုံတုန်းအားထုတ် ကြ။သာသနာပပြီဆိုရင် ၀ိပဿနာနဲ့ တွေ့ရမှာ မဟုတ်ဘူး။ဒီတော့ပိုနစ်နာတယ်။ (၂) တရားအားထုတ်ဖို့တော့ မအားဘူး။မအားဘူးလို့ ပြောကြတယ်။သေချိန်ကျလာလို့ မသေ ချင်ဘူးလို့ ပြောလို့ရတာမဟုတ်ဘူး။မအားဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ (၃) တရား အားထုတ်တယ်ဆိုတာအားနဲ့မာန်နဲ့ အားထုတ်ရတယ်။မသေချာမရေရာတဲ့ အ လုပ်တွေတောင်မှဟုတ်နိုးနိုး၊ တော်နိုးနိုးနဲ့ သက်စွန့်ဆံဖျားလုပ်နေရတာပဲ။ သေချာရေရာတဲ့အလု ပ် ဘာမလုပ်ရဲစရာရှိလဲ။ ဆင်းရဲ တစ်ဘ၀ပေါ့။ တစ်ဘ၀တောင်မှခဏလေးပါ။ (၄) ထိတိုင်းထိတိုင်းသိနေပါစေ။ကိလေသာ ကြားမခိုစေနဲ့။ (၅) တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။စားကောင်းလိမ့်မယ် ထင်ပေမယ့်တကယ်စားတော့ မြိန်ချင်မှ မြိန်တာ။ မကောင်းဘူး ထင်လို့လည်း တကယ်စားတော့ မြိန်ချင်မြိန်တာ။ဒီတော့အားမထုတ်ချင်လည်းထုတ်။ ထုတ်ချင်လည်း ထုတ်ပေါ့။ (၆) ၀ိပဿနာတရားအားထုတ်ရတာ အလွန်ကောင်းပါတယ်။အ၀တ်လည်း ပြောင်းစရာ မလိုဘူး။ဂူလည်းအောင်းစရာမလိုဘူး။ ပုထုဇဉ်စရိုက်မူ ပြောင်းဖို့လိုတယ်။ (၇) ကိုယ့်ခန္ဓာကိုယ်ရှု သူများအပြစ် သွားရှုမနေနဲ့။ သူများအပြစ် သွားရှုနေတော့ အမှုပွေတာပေါ့။ (၈) မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရှုမှတ်နိုင်မှပတ်ဝန်းကျင် ရဲ့လောကဓံတွေကို လည်း ခံနိုင်ရည် ရှိမယ်။ (၉) တရားအားထုတ်တဲ့အခါ ကိလေသာ ကြားမခိုအောင် နှာသီးဝလေးကို ထိတိုင်း သိနေပါစေ။ ထိတဲ့အပေါ် သတိထား။သတိထားရင်တရားမြင်မယ်။ သတိမထားရင် အမှားဝင်မယ်။ (၁၀) အရိယာသူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ်၊ ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေတာ ပါ။ သူတို့မှာပျင်းတယ် မရှိပါဘူး။ (၁၁) လူသာဓုခေါ် နတ်သာဓုခေါ်လောက်နဲ့ ကျေနပ်တင်းတိမ် မနေကြနဲ့။ဘုရား ရဟန္တာအရိယာ သူတော်ကောင်းတွေ ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ။ (၁၂) ပထမတော့တရားကို လူကဦးဆောင်တယ်။ နောက်တော့ တရားက လူကို ဦးဆောင်တယ်။အဲဒီ အချိန် လူက တရားနောက်ကိုလိုက်ဖို့လိုတယ် ။ (၁၃) ခန္ဓာကတော့ သူ့တရားသူပြနေတာပဲ။လောဘ ဒေါသ မောဟ ဖုံးနေတော့ ဘာမှ မသိလိုက်ရ ဘူး။ (၁၄) အားကိုးမမှားစေနဲ့။မိမိကိုယ်ကို မိမိ အားကိုးရမယ်။ (၁၅) ဘာမဆိုအတွင်းက အေးနေအောင် လုပ်ရတယ်။ အပြင်က ဘယ်လောက်ပူပူ အတွင်းက အေးနေတော့ အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းက ပူတော့ ပူတာပဲ။ (၁၆) တရားနှင့်အိပ်စက်ခြင်း တရားနှင့်နိုးထြ ခင်း၊ တရားနှင့် မွေ့လျော်ခြင်း၊ ဒါအပ္ပမာဒ တရားပဲ။ (၁၇) လောကီ…ချမ်းသာက တစ်ဘ၀စာတစ်နပ်စာ။ လောကုတ္တရာချမ်းသာကမှတစ်သံသရာလုံးအေး တာ။တစ်ဘ၀ တစ်နပ်စာမလုပ်နဲ့။တစ်သံသလုံး ရာစာလုပ်ကြ။ (၁၈) မကောင်းတာလုပ်တာသာကြောက်ရမှာ။ ကေင်းတာလုပ် တာကြောက်စရာမလိုဘူး။ မကောင်း တာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ်တာ ဘာမလုပ်ရဲစရာရှိသလဲ ? (၁၉) မဟုတ်လည်း သည်းခံ၊ ဟုတ်လည်း သည်းခံရမှာပဲ။ခံရမည့်အတူတူ တော့ အခုကတည်းက ခံလိုက်တော့ သံသရာပြတ်တာပေါ့။ (၂၀) လောဘဒေါသ မောဟ ကင်းအောင်ပြတ်အောင် လုပ်ကြ။ဖြစ်အောင်လဲ မလုပ်နဲ့။ပျက်အောင် လဲ မလုပ်နဲ့။ဖြစ်တာပျက်တာအမြဲ သိနေ ပါစေ။ ဖြစ်အောင်လုပ်တာ လောဘ။ပျက်အောင်လုပ်တာ ဒေါသ။ဖြစ်တာပျက်တာမသိတာမောဟ။ (၂၁) စိတ်ကဖြတ်လို့ ပြတ်တာမဟုတ်ဘူး။ တရားကဖြတ်မှ ပြတ်တာ။တရားရှိအောင် အားထုတ်ကြ။ တရားရှိတော့တရားကပဲဖြတ်ပေး တယ်။ ပြတ်ပေးတယ်။ပါယ်ပေးတယ်။ (၂၂) အမြတ်က မရှုံးစေနဲ့။ အရှုံးကသာမြတ်ပါစေ။ အကုသိုလ်က ကုသိုလ်ဖြစ်ပါစေ။ကုသိုလ်က အကုသိုလ် မဖြစ်ပါစေနဲ့။ (၂၃) ပုထုဇဉ်တွေ မကောင်းတာလုပ်တာများ အဆန်းလုပ်မနေနဲ့ ။အခု လည်း မကောင်းတာလုပ်နေ သလို နောင်လည်း မကောင်းတာလုပ်နေဦးမှာပဲ။ သူတို့ မကောင်းတာနဲ့ ကိုယ်နဲ့ ဘာဆိုင်သလဲ? ကိုယ့်တရား ကိုယ်ရှုဖို့ပဲ လိုတယ်။ (၂၄) ဘုရားစကားနားလည်အောင်လုပ်။ဘုရားစကား နားလည်ရင် လောကစကားတွေအားလုံး နားလည်တယ်။ (၂၅) နိဗ္ဗာန်မဂ်ဖိုလ် ရလိုကြောင်းနဲ့ ဆုတောင်းခဲ့တာလည်းများလှပြီ။ ၀ိဇ္ဇာဥာဏ်မပါဓမ္မတာတောင်း မို့ အာညောင်းရုံပဲ မောဖတ်တင်မည်။ ဒါနပြု ကာအခါခါတောင်းလည်း ငါကောင်းချင်မှု ခုခံနေသည်။ ငါတစ်လုံးပါယ်ကာကွယ်ကာပေးမှ လွန်စွာမနှေးနိဗ္ဗာန်မြင်မည်။


"၂၅၀၀ သာသနာနှစ်အတွင်း သံဂါယနာ တင်ခဲ့သော သက္ကရာဇ် ခုနှစ် နှင့် နေရာများ"

"၂၅၀၀ သာသနာနှစ်အတွင်း သံဂါယနာ" ******************************** ပထမသံဂါယနာ


မဟာသက္ကရာဇ် ၁၄၈-ဘီစီ(B.C) ၅၄၄ခုနှစ်၊ ရာဇဂြိုလ် ဝေဘာရတောင် သတ္တပဏ္ဏလိုဏ်ဂူ၌အဇာတသတ် မင်းကို အမှီပြု၍အရှင်မဟာကဿပအမှူးရှိသော အရှင်အာနန္ဒာ၊အရှင်ဥပါလိနှင့် ရဟန္တာငါးရာတို့ မုခါရုဠှ (နှုတ်ဖြင့်ရွတ်ဆိုခြင်း) ပထမ သံဂါယနာတင်တော်မူခဲ့ကြပါသည်။


ဒုတိယသံဂါယနာ


သာသနာနှစ် ၁၀၀၊ဘီစီ(B.C)၄၄၄ခုနှစ်၊ဝေသာလီပြည် ဝါဠုကာရုံကျောင်းတော်၌ကာဠာသောကမင်းကို အမှီပြု၍ အရှင်မဟာယသမထေရ် အမှူးရှိသော ရဟန္တာအရှင်မြတ် ခုနစ်ရာတို့မုခါရုဠှ(နှုတ်ြ ဖင့်ရွတ်ဆိုခြင်း) ဒုတိယအကြိမ်သံဂါယနာတင်တော်မူခဲ့ ကြပါသည်။


တတိယသံဂါယနာ


သာသနာနှစ် ၂၃၉ ၊ဘီစီ(B.C) ၃၀၈ခုနှစ်၊ ပါဋလိပုတ်ပြည်(ယခုအဆို-ပတ္တနား) သီရိဓမ္မာသောကမင်းကို အမှီပြု၍အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အမှူးရှိသောရဟန္တာတစ်ထောင်တု မုခါရုဠှီ(နှုတ်ဖြင့်ရွတ် ဆိုခြင်း) တတိယသံဂါယနာတင်ေ တ်ာမူခဲ့ကြပါသည်။ထိုအခါမှစ၍ ဟိမဝန္တာတောင်တစ် လျှောက်ရှိ တိုင်းပြည်နယ်အရ ပ်ရပ်သို့လည်းကောင်း၊ မြောက်ဘက်ရှိ စိန့်တိုင်းအနောက်မြောက်ဘက် ရှိ ကသ္မိရကန္တာရ၊ယောနကတိုင်းတို့သို့လည်းကောင်း သာသနာတော်ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။


စတုတ္ထသံဂါယနာ


၎င်းစတုတ္ထသံဂါယနာကို တောင်ပိုင်းစတုတ္ထသံဂါယနာ၊ မြောက်ပိုင်းသံဂါယနာဟုနှစ်မျိုးခွဲ၍ မှတ်ရသည်။ ထိုတွင် သာသနာနှစ်(၄၅၀) ၊ ဘီစီ(B.C) ၉၄ခုနှစ်၊ သီဟိုဠ်ကျွန်းမလယဇနပုဒ်အာလောက လိုဏ်ဂူ၌ ဝဋ္ဋဂါမဏိမင်းကို အမှီပြု၍ဓမ္မရက္ခိတမထေရ်အမှူးရှိသောသံဃာတော်ငါးရာတာလပတ္တအက္ခရာခေါ် (တောင်ပိုင်းစတုတ္ထသံဂါယနာ- ပေထက်အက္ခရာ) ကိုတင်တော်မူခဲ့ကြပါသည်။


သာသနာတော်နှစ် ၆၀၀၊ ဘီစီ(B.C) ၁ရာစု အိန္ဒိယမြောက်ပိုင်းကသ္မိရတိုင်းဇာလန္ဒရမြို့၌ ကနိလျှကမင်းကို အမှီပြု၍ သုမိတြအသွဃောသမေ ထရ် ကြီးမှူးသောသံဃာတော်များသည် ပိ၌ကတ်တော်များကို သင်္သကရိုဋ်(သက္ကတ)ဘာသာဖြင့် တင်သောသံသတိတြာရုဠှခေါ် မြောက်ပိုင်း စတုတ္ထသံဂါယနာကို တင်တော်မူခဲ့ကြပါသည်။ ထိုအခါမှစ၍ဟိမဝန္တာမှမြောက်ဘက်ရှိ တိုင်းပြည်နယ်များသို့ဗုဒ္ဓသာသနာရောက်ရှိပျံ့နှံ့ ခဲ့ပါသည်။


ပဉ္စမသံဂါယနာ


သာသနာနှစ် ၂၄၁၂၊ အေဒီ၁၈၆၈ခုနှစ်၊ မြန်မာပြည် မန္တလေးမြို့တော်၌မင်းတုန်းဘုရင်မ င်းတရားကြီးကို အမှီပြု၍ အရှင်ဇာဂရာဘိဓဇမ ထေရ်အမှူးပြုသော သံဃာတော်၂၄၀၀ကျော်တို့သေလက္ခရာရုဠှခေါ် ကျောက်ထက်အက္ခရာပဉ္စမသံဂါယနာတင်ေ တ်ာမူခဲ့ကြပါသည်။


ဆဋ္ဌသံဂါယနာ


ဆဋ္ဌမသံဂါယနာသာသနာနှစ်၂၅၀၀၊ အေဒီ ၁၉၅၆ခုနှစ် မြန်မာပြည်ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌နိုင်ငံတော်အစိုးရ ကြီးမှူးသောပြည်သူလူထုကို အမှီပြု၍ ထေရဝါဒငါးနိုင်ငံ(မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လော၊ သီရိလင်္ကာ) မှ ဆရာတော်များ ကြီးမှူးသော သံဃာတော်၂၅၀၀ကျော်ကို ပေါတ္ထကရုဠှ မုခါရုဠှရွတ်ဖတ်ပုံနှိပ်ခြင်း၊ ရွတ်ဆိုခြင်းနှစ်ပါးစုံဖြင့် ဆဋ္ဌသံဂါယနာတင်တော်မူခဲ့ကြပါသည်။


ဓမ္မမိတ်ဆွေများအားလုံး(ကုလားတော့မပါ) ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)