Showing posts with label ရိုးရာ အစားအစာ. Show all posts
Showing posts with label ရိုးရာ အစားအစာ. Show all posts

Friday, December 27, 2013

ဆီချက်ခေါက်ဆွဲ

ဆီချက်ခေါက်ဆွဲ

ဆီ ချက်ခေါက်ဆွဲ လုပ်ရင်ဂျုံ မှုန်. ကပ်နေတဲ.ခေါက်ဆွဲအစိုကို သုံးရင် အကောင်းဆုံးပါ ။ ဒီခေါက်ဆွဲမရှိတာနဲ.ဗီယက်နမ်ကလာတဲခေါက်ဆွဲ ခြောက် အပြား နဲ.ပဲလုပ်ထားပါတယ်… ဆီချက်ခေါက်ဆွဲအတွက် -ခေါက်ဆွဲ - 3ခွေ - နှစ်ပွဲစာ -ကြက်ရင်ပုံသားတစ်ခုကိုရေဆေးပြီး ဂျင်း-လက်တစ်ဆစ်နှင့် ကြက်သွန်ဖြူ 5မွာကိုအခွံခွာရေဆေးပြီးဓါးပြားရိုက်၊ ပဲငံပြာရည်၊ ကြက်သားမှုန့် ၊ဆားအနည်းငယ်တို့ နဲ့ နယ်ထားပါ။ ရေနွေး1လီတာခန်.ထည်.ကာတည်ပြီး ပွက်လျှင် ကြက်သားကိုထည်.ပြီးပြုတ်ထားပါ။ -30 မိနစ်ခန်.တည်ပြီးကြက်သားနူးပြီးဆိုလျင် ဆယ်ယူ အအေးခံထားပြီးကြက်သားအေးလျှင် အရိုးအသားနွင်ကာအသားတစ်ဝက်ကို နုတ်နုတ်စင်းထားပြီး အရိုးကို ကြက်ပြုတ်ရည်ထဲထည်.ပြုတ်ကာပြုတ်ထားပါ။ -ကြက်ပြုတ်ရည် ဆန်ချိန်ခွက် တစ်ခွက်ခန်.ဖယ်ထားးပြီး ရေ 500MLထပ်ထည်.ကာမီးအေးအေးနှင့်တ ည်ထားပါ။ -ကြက်သွန်ဖြူ - 5မွာကို အခွံခွာရေဆေးကာမညှက် တစ်ညှက်ထောင်းပြီးဆီ 100 MLထည်.ကာ နနွင်းမထည်.ပဲနီညိုရောင်သန်းသည် အထိဆီသတ်ကာ အအေးခံထားပါ။ -ကြက်သွန်ပင်- 5 ပင်ကို အမြစ်ဖယ်ရေဆေးပြီး နုတ်နုတ်လှီးထားပါ။ -ကြက်သွန်ဖြူကြော် -100 gကို မညှက်တစ်ညှက်ထောင်းထားပါ။ -ကြက်သားမှုန်.၊ ပဲငံပြာရည်အကြည်၊ ငရုပ်ကောင်း၊ ငရုပ်ဆီ -ကြက်သွန်ချဉ်လုပ်ရန်ကြက်သွန်နီ 2 လုံးကို အခွံခွာ ပါးပါးလှီး ရေဆေးကာရေစစ်ထားပြီး ငရုပ်သီးစိမ်း(3)ကိုလဲ ရေဆေးကာမထူမပါးလှီးထားပါ။

-ရေနွေးဆူဆူတွင် ခေါက်ဆွဲနှစ်ပွဲစာကိုပြုတ်ထားပြီး -ဆီချက်ပွဲပြင်မည်.ပုဂံထဲသို.ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း တစ်ဇွန်း၊ကြက်သားပြုတ်ရည် ထမင်းစားဇွန်း 3ဇွန်းစီခန်.၊ ပဲငံပြာရည် ထမင်းစားဇွန်း တဇွန်းစီ၊ ကြက်သားမုန်.ထမင်းစားဇွန်းတစ်ဝက်ခန်.နှင့် ငရုပ်ကောင်းအနဲငယ်ကိုထည်.ကာမွေထားပါ။ ထိုနောက်ပြုတ်ထားသောခေါက်ဆွဲ ပူပူနွေးနွေးကို ပုဂံထဲသို.ထည်.ကာတူဖြစ်သမအောင်မွေပါ။ ထိုနောက် အပေါ်မှ ကြက်သားနုတ်နုတ်စင်း၊ ထောင်းထားတဲ.ကြက်သွန်ဖြူကြော်၊ ပါးပါးလှီးထားတဲ. ကြက်သွန်ပင်၊ ငရုပ်ကောင်းတို.ကို ဖြူးပါ။ -ပာင်းရည်ပုဂံထဲသို. ပဲငံပြာရည်၊ ငရုပ်ကောင်း၊ ကြက်သွန်ဖြူကြော်ထောင်း၊ပါးပါးလှီးထားတဲ. ကြက်သွန်ပင်ကိုထည်.ပြီးအပေါ်မှ ကြက် ပြုတ်ရည် လောင်းထည်.ပါ။ -ကြက်သွန်ချဉ်ထည်.မည်.ပုဂံထဲသို ပါးပါးလှီးထားသော ကြက်သွန်နှင့်ငရုပ်သီးစိမ်းနှင့်ငရုပ်ဆီတို.ကိုထည်.ကာ ဆီချက်ခေါက်ဆွဲ ပာင်းချိုတို.နှင့်တွဲကာ သုံးဆောင်နုင်ပါပြီရှင်။ -အချို.ကခေါက်ဆွဲကြွတ်ကြော်လဲထည်.စားကြတယ် -ကျွန်မ အဖိုးကတော.ကြက်သွန်ဖြူကြိတ်ရည်လေးပါ ထည်.လုပ်ပါတယ်… -ကြာဇံဆီချက်ကိုလဲဒီနည်းအတိုင်းလုပ်စားနိုင်ပါတယ်.. -ဘဲပေါင်းဆီချက်(သို.) နံရိုးပေါင်းဆီချက်လုပ်မယ်ဆိုရင်တော. ဘဲပေါင်သားပဲရွေးဝယ်ပါ ၊ ၀က်နံရိုးနုနုကိုရွေးဝယ်ကာရေဆေးပြီး ကြက်သားထဲထည်.တဲ.အစာပလာကိုပဲထည်.နယ်ကာ နူးမြေ.အောင်ပေါင်းပြီး အတုံးအတိုင်းပဲထည်.ကာ စားနိုင်ပါတယ်ရှင်

credit to myanmar foods & others

Tuesday, December 24, 2013

ဝက်မုန်ညင်းစော (အချို)

တစ်ခါတရံ ဈေးတွေမှာလည့်ပတ်ရင်း..မုန်ညှင်းစိမ်းအဖူးအညွှန်.ပါတာတွေကိုချေ ရာင်းတတ်ကြတာကြုံဖူးကြပါလိမ့်မယ်...။

ဒါဆိုရင်..၀က်သားနဲ.ရောပြီးအချိုချက်လေးချက်စားကြည့်ဖို.စိတ်ကူးလေး..ရပါစေ....ကြံသကာအညိုရောင် ရရင်တော့ဖြင့်ပိုကောင်းပေါ့....မရလည်းသ ကြားညိုကိုအသုံးပြုလို.ရပါတယ်...။ အဓိကကတော့မုန်ညှင်းကိုဦးစားပေး ချက်ရတာပါ..၀က်သားကတော့..တွဲဖက် ကောင်းပေါ့။

ဝက်သားမုန်ညှင်းအချိုစော *****************

အဖူး၊ အညွှန်.ပါသောမုန်ညှင်းစိမ်း......၃ စည်း သုံးထပ်သား.................................၃၀ကျပ်သား ကြက်သွန်နီ................................. ၃လုံး( ပါးပါးလှီးထားရန်) ခရမ်းချဉ်သီး................................၂လုံး (...........။..........) ကြက်သွန်ဖြူ................................၁၀တက်( နုပ်နုပ်စဉ်းထားရန်) ချင်း............................................ခပ်ကြီးကြီး ၁တက် ကြံသကာ....................................လိုအပ်ရုံ မန်ကျည်းသီးမှည့်..........................အနည်းငယ် (ရေနွေးစိမ်ထားပေးရန်) နံနံပင်.........................................အနည်းငယ် ( ပါးပါးလှီးထားရန်) ငရုတ်သီးစိမ်း................................အနည်းငယ် ( နုပ်နုပ်စဉ်းထားရန်)

ပထမဆုံးဝက်သားသုံးထပ်သားတွေကို ၁လက်မခွဲလောက်အတုံးများတုံးပြီး ဆား၊ ချင်း၊ ကြက်သွန်ဖြူရောေ ထာင်းအနည်းငယ် ၊ ပာင်းခတ်မှုန်. ၊ ပဲငံပြာရည်အပျစ်( ကြာညှို.) တို.နဲ.ရောနှယ်ြ ပီး(၁၀) မိနစ်ခန်.နှပ်ထားပါ။

ထိုစဉ်အတွင်းမုန်ညှင်းများကိုလည်း လက်တစ်ဆစ်အရွယ်ဖြတ်တောက်ပြီးရေေ ဆးသန်.စင်ထားပါ...။

နှပ်ထားသောဝက်သားများကိုအိုးတစ်လုံးမှာကြက်သွန်နီ၃ပုံ၂ ပုံ ရောထည့်ပြီးဆီအန ည်းငယ်နှင့်မိနစ်(၃၀) ခန်.လုံးချက်လိုက်ပါ..။

အခြားအိုးတစ်လုံးအတွင်းမှာမုန်ညှင်း၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး၊ နနွင်းမှုန်.အနည်းငယ် ၊ ဆား ၊ ကြံသကာတို.နှင့်ရောပြီး မုန်ညှင်းများအိကျသွားသည်အထိ ၁၅ မိနစ်ခန်.လောက်အဖုံးပိတ်ပြီးချက်ပါ...။

မုန်ညှင့်များအိကျသွားလျှင်လုံး ချက်ထားသောဝက်သားအရောကိုပေါင်းထည့် ပြီး.....ရေအနည်းငယ်ဖြည့်စွက်ကာ မီးအေးအေးနှင့် ( တစ်ပွက်ဆူ ) မိနစ်(၂၀) ခန်.ချက်ပါ။

ထို.နောက်မန်ကျည်းမှည့်ရည်ကို သင့်တင့်ရုံသာထည့်ပြီး နောက်ထပ်(၁၅) မိနစ်ခန်.ဆက်ချက်ပါက ၀က်သားရောမုန်ညှ င်းတွေပါဆတူနှူးအိလာတာကိုတွေ.ရပါမယ်..။ (မီးအေးဖို.လိုအပ်သလို အဖုံးပိတ်ထားဖို .လည်းအရေးကြီးပါတယ်)

မန်ကျည်းသီးသုံးရတာက..အရသာအတွက် မပာုတ်ပဲ ပာင်းနှူးအိစေရန်ဖြစ်ပါတယ်..သူ. ပုံမှန်အရသာကချိုတဲ့ဘက်ကိုဦးစားပေးပါတယ်..။

ပာင်းပွဲကျက်ပြီဆိုရင်တော့..ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းနုပ်နုပ်စဉ်းနဲ.နံနံပင်တွေဖြူြး ပီးတည်ခင်းသုံးဆောင်ရုံပါပဲ....။ အလွန်စားကောင်းတဲ့ပာင်း တစ်ခွက်လို.ပဲညွှန်းလိုက်ပါရစေ..။

credit to***
ဟင်းချက်နည်းများ

ဝက်သားတုတ်ထိုး

ဝက်သားတုတ်ထိုး
************

ဝက်သားတုတ်ထိုးက...မခက်ပါဘူး...နည်းပညာလေးတော့..လိုအပ်တာပေါ့။ ၀က်သားတုတ်ထိုးရောင်းတဲ့သူတွေလိုပဲ.... ၀က်ရဲ.အတွင်းကလီစာအစုံ မှာကျောက်ကပ်ကိုတော့ရှောင်ပါတယ်....။ လူတွေကြိုက်တတ်တဲ့အချင်းတိုင်၊ အူပါးလျှာ နို.အုံသား၊ ပါးစောင်သားအရိုးနုတို.တော့များများဝယ်ရပါတယ်. ၀က်သားတုတ်ထိုးမှာ..ဘဲဥ ကလည်း..မပါမဖြစ်ပါ...။

ဝယ်လာတဲ့ဝက်အတွင်းကလီစာတွေကို..သန်.စင်နေအောင်ရေအရင်ဆေးပါ။

မန်ကျည်းသီးမှည့်ကိုရေနွေးလေးစိမ်ထားပြီး..ဆားအနည်းငယ်နဲ.ရောပြီး (၃)ကြိမ်မှ(၅)ကြိမ်လောက်ထိဆေးလိုက်ရင်.. ၀က်အတွင်းကလီစာဆိုတာ..ဘာအနံ.မှမရှိတော့အောင် စင်ကြယ်သန်.ရှင်းသွားပါတယ်...။

အူပါးတွေကိုတော့..တုတ်တံတစ်ချောင်းနဲ. ၅ခုလောက်ကို..အထပ်ထပ်ဖြစ်အောင်ထပ် ပေးရပါမယ်...။ ဆေးကြာပြီးရင်တော့..အားလုံးကိုရေစစ်ထားပါ...။

ရေစစ်သွားတဲ့..၀က်သားတွေကို ဆား၊ ပာင်းခတ်မှုန်. ၊ ပဲငံပြာရည်အပျစ်( အကောင်း စားတံဆိပ်) နာနတ်ပွင့်ကိုလှော်ပြီးထောင်းထားတဲ့အမှုန်.( တရုတ်လို ပါကော့ ခေါ်ပါ တယ်) ၊ အစားအသောက်သုံးအရောင်( လိမ္မော်) အနည်းငယ်၊ ၀ိုင်အရက်(သို.) အရက်ပြင်းအနည်းငယ်တို.နဲ.ရောနယ်ပြီး...နာရီဝက်ခန်. နှပ်ထားပေးရပါမယ်...။

ဘဲဥတွေကိုလည်း..ပြုတ်ပြီးအခွံခွာထားပါ...။

ဒယ်အိုးတစ်လုံးမှာ..ဆီအနည်းငယ် ၊ သကြား တို.ကိုရောပြီးအပူပေးလျှင် သကြားတွေပာာ..ဆီအနည်းငယ်ပူလာတာနဲ.အရည်ပျော်ြ ပီးရွှေညိုရောင် လေးပြောင်းလာပြီဆိုရင်...မီးဖုတ်ပြီးဓါးပြားရိုက်ထားတဲ့.. နာနတ်ပွင့် ၊ ချင်း၊ ငရုတ်ကောင်းတို.ကိုထည့်ပြီး...တစ်ခုပြီး..တစ်ခု..ဆီသတ် ပေးပြီး...စစ်ယူထားပါ...။

ထို.နောက်...အမာဆုံးအစိတ်အပိုင်းတွေ..ဥပမာနားရွက် ၊ လျှာ၊ အူမစသည်တို.ကိုအရင်ဆုံးပြုတ်ပေးပါ...ထိုအရာများတစ် ၀က်လောက်ကျက် ပြီဆိုမှအသည်း၊ နှလုံးလိုဒုတိယတန်းစားတွေကို ထည့်ပေးပါ..။

နောက်ဆုံးမှ....အူချိုတို.လိုအနုဆုံးအပိုင်းတွေကို ထည့်ပြုတ်ပါ....။အရသာကို မြည်း စမ်းပြီး..နှူးအိပြီဆိုရင်..ရေ သုံးပုံတစ်ပုံကျန်လောက်မှ..စစ်ယူထားပါ...

လှီးဖြတ်ပေးပြီးပန်းကန်နဲ.ကြိုက်သူကို ပန်းကန်နဲ.ထည့်ဧည့်ခံနိုင်သလို..၀ါးတုတ်လေး ထိုးပြီးမှ...စားချင်သူများကိုလည်း..နှစ်သက်သလိုဧည့်ခံေ ပးလို.ရပါတယ်....။

တွဲဖက်ဆော့စ်ကိုတော့..မန်ကျည်းသီး၊ ထန်းလျက်ရည်၊ သကြား၊ ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ နံနံပင်၊ ဗမာငရုတ်ဆီ တို.နဲ.မိမိနှစ်သက်သလို ရောစပ်နိုင်ပါတယ်။

credit to***
ဟင်းချက်နည်းများ

ဝက်သားကောက်ညှင်းထုပ်

ဝက်သားကောက်ညှင်းထုပ် ***************** (၂၄) ထုပ်စာ *********

ကောက်ညှင်းဆန်ကောင်းကောင်း...........၃ ခွက်( လက်ဖက်ရည်ပန်းကန်) ပဲပင်ပေါက်လုပ်သောပဲ(အခွံမပါ).............၃/၄ခွက်(..........။................) ဆား................................................၂ဇွန်း(လက်ဖက်ရည်ဇွန်း) ဆီ..................................................၂ ဇွန်း(ထမင်းစားဇွန်း) ၀က်သား..........................................၂၅ ကျပ်သား(လက်မ၀က်အတုံးငယ်များတုံးရန်) ရှီတာကီမှို.........................................၁၂ခု သစ်အယ်စေ့......................................၁၂ ခု( ၂ ပိုင်းခြမ်း ) ပဲငံပြာရည်.........................................၂ဇွန်း( ထမင်းစားဇွန်း) ငါးမျိုးစပ်တရုတ်မဆလာ........................၁ ဇွန်း(.........။.......) တရုတ်ပာင်းချက်အရက်.........................၁ ဇွန်း(.........။.......) ငရုတ်ကောင်း......................................၂ ဇွန်း(လက်ဖက်ရည်ဇွန်း) သကြား..............................................၂ ဇွန်း(.........။............) နှမ်းဆီ...............................................၁ဇွန်း( ထမင်းစားဇွန်း) ပန်းဂျုံဆီ(သို.) မုန်ညှင်းဆီ......................၁ ဇွန်း (........။........) ၀ါးရွက်...............................................၇၂ ရွက် ကြိုး ( ကောက်ညှင်းထုပ်ချည်ရန်)..............၂၄ ပိုင်း ဆားဘဲဥ.............................................၁၂လုံး

ပြုလုပ်နည်းက..မခက်ခဲပေမယ့်..အမျိုးအမည်အနည်းငယ်များတဲ့အတွက် ၀ါသနာရှင်များသေချာဖတ်ရှူစေလိုပါတယ်....။

ပထမဆုံးကောက်ညှင်းနှင့်ပဲကိုသီးသန်.စီ ရေဆေးသန်.စင်ပြီး..ကောက်ညှင်း၊ပဲအထက်ရေလက်၂ ဆစ်လောက်ထည့်ပြီး၁ ညအိပ်ရေစိမ်ထားပေးရပါမယ်။

ဝါးရွက်တွေကိုလည်းသန်.စင်ရေနွေး နဲ.ပြုတ်ပြီး..ရေအေးလောင်းကာ အသုံးမပြုခင်အထိရေစိမ်ထားပေးပါ။ (၀ါးရွက်မရပါက အညာမှာဆိုပေရွက်(သို.) တောင်ပေါ်ဒေသတွေမှာတံမြက် စည်းပင်အရွက်တို.ကိုအသုံးပြုနိုင်ပါတယ် )

မပြုလုပ်ခင်..(၁၅) မိနစ်လောက်စောပြီးရေစစ်ထားကာ..ေ ကာက်ညှင်း၊ပဲတို.ကိုရစစ်သွားရင် တော့ဆား(၁) ဇွန်း၊ ဆီ(၁) ဇွန်းစီနဲ.သီးသန်.မွှေပေးထားရပါမယ်..။

ဝက်သားကိုလက်မ၀က်လောက်လေးတွေတုံးပြီး...ပန်းဂျုံဆီ၊ ပဲငံပြာရည်(၁) သကြား(၁) ငရုတ်ကောင်း(၁)ဇွန်း တရုတ်ပာင်းချက်အရက်၊ ငါးမျိုးစပ်တရုတ်မဆလာတို.နဲ.အရသာနယ်ပြီးနှပ်ထား ပေးရပါမယ်...။

ရှီတာကီမှိုကိုလည်း..ရိုးတံထုတ်(၂) ပိုင်းပိုင်းကာ၊ နှမ်းဆီ၊ ပဲငံပြာရည်(၁) သကြား(၁) ငရုတ်ကောင်း(၁)ဇွန်းတို.နှင့်အရ သာသွင်းထားရပါမယ်..။

ဆားဘဲဥကိုလည်းပြုတ်ပြီးအခွံခွာထုတ်ကာ(၂) ခြမ်းခွဲထားပေးပါ။

ကောက်ညှင်းထုပ်ပြုလုပ်တော့မယ်ဆိုတာနဲ. ၀ါးရွက်တွေကို ရေသုတ်ပြီး ၃ရွက်ထပ်ကာကန်တော့ပုံထိုးပြီး..ပထမဆုံးဆီ၊ ဆားနဲ.နယ်ထားတဲ့.ကောက် ညှင်းဇွန်းတစ်ဝက်( ထမင်းစားဇွန်း) ကိုညီညာစွာဖြန်.ခင်းပြီး..၀က်သားဇွန်း ၀က်၊ မှို ဇွန်းဝက်တို.ကို အလွှာချင်းစီဖြည် ထည့်ပေးပြီးဆားဘဲဥ ၁ ခြမ်းတင် ထားပေးပါ။

နောက်ဆုံးမှ..ဆား၊ ဆီနယ်ထားတဲ့ပဲဇွန်းဝက်နှင့် ကောက်ညှင်းဇွန်းဝက်တို. ကိုအုပ်ပြီးရေစွတ်ထားတဲ့ဇွန်းပြားလေးနဲ.သေသပ်အောင်ပြုပြင်ပြီး..၀ါးရွက် ကိုခေါက်ထည့်ကာ သုံးမြှောင့်ချွန်( တြိဂံ) ပုံရအောင်ဖြည်းညှင်းစွာထုပ်ပိုးပြီး မိမိအသုံးပြုမယ့်ကြိုးနဲ.တင်းကျ ပ်နေအောင်စည်းနှောင်ပေးပါ။

ပြုတ်မယ့်အိုးထဲသေချာစီထည့်ကာ.. ရေမြှုပ်ရုံထည့်ပြီးဆားအနည်းငယ် ထည့်ပေါင်းကာ...တစ်ပွက်ဆူပုံစံမှာ ( မီးအေးအေးမှာ)၁နာရီခွဲမှ ၂နာရီကြာသည့်တို င်အောင်ပြုတ်ပးရပါမယ်..။

နောက်ဆုံးရေစစ်ထားပြီး..သကြား(သို.) ငရုတ်ဆော့စ်ရည်တို.ဖြင့်တွဲဖက် စားသုံးနိုင်ပါတယ်..။

credit to ***
ဟင်းချက်နည်းများ

Monday, December 23, 2013

ရှမ်းပြည်တောင်ပိုင်းအစားအစာငါးထမင်းနယ် ပြုလုပ်နည်း

ှရှမ်းပြည်တောင်ပိုင်းအစားအစာငါးထမင်းနယ် ပြုလုပ်နည်းလေးပါ

ရှမ်းထမင်းချဉ်၊ငါးထမင်းနယ်၊အာလူးထမင်းနယ် သုံးမျိုးမှာကျွန်မသည်နောင်ချိုတွင် ပဲပုပ်ချက်နှင့်တွဲစားရသောရှမ်းထမင်းချဉ်ထက် ရှမ်းပြည်တောင်ပိုင်းတွင်စားရသောပဲပုပ် မပါသည်.ငါးထမင်းနယ်နှင့်အာလူးထမင်းနယ်ကိုပိုကြိုက် သည်။ ငါးထမင်းနယ်ကိုအင်းလေးရိုးရာ အစားအစာပာုလဲပြောကြသည်…

လိုအပ်သောပစ္စည်း ရှမ်းဆန်၊ ငါးရံ့၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်(သို.) ဂျူးဖူး၊ ငရုတ်သီးခြောက်၊ကြာဇံအကြွတ်ကြော်၊ကြက်သွန်ပင်၊ ကြက်သွန်ဖြူ။ငှက်ပျောဖက်အနဲငယ်၊

ပြုလုပ်နည်း … ကောက်ညှင်းကဲ.သို.စေးသောရှမ်းဆန်ကို ဆန်ချင်ခွက်နှင့် 2ခွက်ထည်.ကာသိပ်ပျော့မသွားအောင် ချက်ပြီးအအေးခံထားပါ။ ခရမ်းချဉ်သီးနှစ်လုံးကိုဆီမထည့်ဘဲ နနွင်း၊ အရသာမုန်.၊ ဆားနဲချက်ထားပါ။ ငါးရံ့ 400 gတကောင်ကိုနနွင်း၊ဆား၊ ရသာမုန်.ထည်.ပြုတ်ကာအအေးခံအရိုးနွှင်ပြီး မွမွလေးဖွထားပါ။ ကြက်သွန်ဖြူတလုးံကိုထောင်း နနွင်းနှင့်ငရုပ်သီးအရောင်တင်မှုန်.ထည်.ကာ ဆီများများနင်.အရောင်လှအောင်ဆီသတ်ထားပါ။ ပဲ (သို.) ဆန်ကြာဇံ အနဲငယ်၊ ငရုတ်သီးခြောက်ဆယ်တောင့်ကို ဆီပေါ်ကြော်ပြီး ဆီစစ်ထားပါ။ ကြက်သွန်ပင် ၃ ပင်ကို ရေဆေးပြီးပါးပါးလှီးထားပါ၊ ဂျူးမြစ် ( 100) g ကို ရေစင်စင်ဆေးထားပါ…

ထမင်းကို ချက်ထားတဲ.ခရမ်းချဉ်သီးအနှစ်နဲ့ငါးရံတ၀က်၊ ဆီချက်၊လိုအပ်ရင်အရသာမုန်.နှင့်ဆားထည်.ကာ စေးပိုင်နေအောင်နယ်ပြီး အလုံးသေးသေးလေးတွေလုံးထားလိုက်ပါ၊

စားခါနည်းမှပုဂံပေါ်ငှက်ပျောဖက်ခင်းပြီး ငါးထမင်းလုံး ကိုပြားပြား ပါးပါးလေးဖြစ်အောင်ဖြန်.ကာနွှင်ထားတဲ့ ငါးရံ့၊ ဆီချက်၊ကြာဇံအကြွတ်ကြော်၊ကြက်သွန်ပင်ဖြူးပါ။ တွဲဖက်စားရန် ဂျူးမြစ်(သို.) ဂျူးဖူး၊ ငရုပ်သီးတောင့်ကြော်နဲ့ ငါးထမင်းနယ်ကို အရသာ ရှိရှိစားသုံးနိုင်ပါပြီ။

သတ်သတ်လွတ် အာလူးထမင်းနယ်ကိုလဲ ငါးအစားအာလူးကိုပြုတ် ထောင်းပြီးထည်.ကာစားသုံးနိင်ပါတယ်..ပြုလုပ်နည်းကေ တာ.အတူတူပါပဲရှင်

ctedit ***
မြန်မာ foods& other မှကူးယူဖော်ပြသည်