Showing posts with label ချက်နည်း ပြုတ်နည်း. Show all posts
Showing posts with label ချက်နည်း ပြုတ်နည်း. Show all posts

Friday, December 27, 2013

ဝက်နံရိုးပေါင်း ကွေ.သယို

ထိုင်းနိုင်ငံရဲ.မြို.တွေတော်တော်များများမှာ.. ကွေ.သယိုရောင်းတဲ့..လှည်းဆိုင် လေးတွေကိုတွေ.ရပါတယ်..။ဆိုင်တိုင်းမှာအဓိကအသုံး ပြုတဲ့ခေါက်ဆွဲ(၄) မျိုးရှိပါတယ်..ကြက်ဥဂျုံခေါက်ဆွဲအသေး၊ ဆန်ကြာဇံ၊ ဆန်ပြားအကြီးနဲ. ရှမ်းခေါက်ဆွဲ(ရေစိမ်အသေး) လိုခေါက်ဆွဲမျိုးပါ။

လုချင်းလို.ခေါ်တဲ့အသင့်သုံးအသား လုံးရယ်..အသားတစ်မျိုးမျိုးရယ်ကိုအဓိကထားပြီးပြ င်ဆင်ရောင်းချပါတယ်..။ဦးစားပေးရောင်းတဲ့ဆိုင်ေ တွမှာတော့.. အတွင်းကလီစာအပြင်..အခြားစားချင်စဖွယ်ပုံစံပြင်ဆ င်ပြီးရောင်းချပြီးအခြား သာမန်ဆိုင်တွေထက်ဈေးလည်းအနည်းင ယ်ပိုလေ့ရှိတတ်ပါတယ်...။

ခေါက်ဆွဲတစ်မျိုးမျိုးကိုအရွက်နဲ.ပြုတ်ပြီးအသားလုံး၊ အသားထည့်ပြင်ဆင်ကာ.ပာင်းရည်လောင်းထည့်ပေးရုံပါပဲ...စားပွဲတွေပေါ်မှာ ငါးငံပြာရည်၊ ငရုတ်သီးအလှော်မှုန်.၊ အချည်ရည်စိမ်ထားသောငရုတ်သီးစိမ်း၊ ငရုတ်ချဉ်အနှစ်ရည်၊သကြားစတာတွေကို..မိမိကြိုက်နှစ်သက်သလိုပြင်ဆင် စားသုံးကြရတာပာာ..ထိုင်းနိုင်ငံရဲ.အမြန်စားခေါက်ဆွဲပြုတ်ကွေ.သယိုဖြစ်ပါတယ်...။

ယခုကျွန်တော်အမြဲစားသုံးနေတဲ့ဆိုင်ကတော့..၀က်နံ ရိုးပေါင်းနဲ.ပြင်ဆင်ပေးပါတယ်..။ကျွန်တော့်အတွက်တော့(၅) ကြိမ်လောက်စားမိရင်..သူ.ချက်နည်း မှာဘာတွေနဲ.ပြင်ဆင်ထားတယ်ဆိုတာခန်.မှန်းသိရပါပြီ(တစ်ခါတလေ.... စားလို.ကောင်းတယ်လို.ချီးမွမ်းခန်းဖွင့်ရင်း သူ.နည်းလေးတွေကိုစနည်းနာ ထားရတာလည်းပါတာပေါ့...။)

အထက်ကဖော်ပြချက်လေးတွေကတော့...ဗ ပာုသုတပေါ့..။မြန်မာနိုင်ငံမှာ ၀မ်းဘဲကထုတ်ထားတဲ့ဆန်ခေါက်ဆွဲတံ ဆိပ်အသေးမျိုးကိုအသုံးပြုနိုင်ပါတယ်

ကျွန်တော်တို.စမ်းသပ်ကြည့်ကြရအောင်ပါ။

ဝက်နံရိုးပေါင်းကွေ.သယို ****************

ပါဝင်ပစ္စည်းများ(၅)ယောက်စာ *******************

ဆန်ခေါက်ဆွဲအသေး.................(၁) ထုပ်

အသားများသောဝက်နံရိုး............(၅၀) ကျပ်သား ချင်း.......................................၁ တက်(ညှက်ညှက်ထောင်း) တရုတ်ပာင်းချက်အရက်...............၃ ဇွန်း( ထမင်းစားဇွန်း) သကြား....................................၁ဇွန်း(............။.......) ပဲငံပြာရည်အကြည်......................၄ဇွန်း(......... .။........) ပာင်းခတ်မှုန်.............................အနည်းငယ် ငါးမျိုးစပ်မဆလာ........................၁ ဇွန်း(လက်ဖက်ရည်ဇွန်း)

ဝက်နံရိုးများကိုမိမိလိုအပ်သောပုံစံတုံးပြီး..ချင်းထောင်းအရည်ညှစ်ချကာပါ ၀င်ပစ္စည်းအားလုံးရောနယ်ပါ။

ထို.နောက်ရေခဲသေတ္တာမှာအချိန်(၃) နာရီခန်.နှပ်ထား ပါ။အချိန်ပြည့်ပြီဆိုရင် တော့..အဖုံးလုံတဲ့အိုးတစ်လုံးမှာထည့်ကာအလေးချိန်ရှိတဲ့ပစ္စည်းတစ်ခုခုဖိပြီး နောက်အိုးကြီးတစ်လုံးမှာရေထည့်ကာ..အဖုံးလုံအောင်ဖုံးပြီးပေါင်းပါ(သို.) pressure အိုးကိုအသုံးပြုကာနှူးအိသည်အထိေ ပါင်းပါ။

ပြုတ်ရည်အတွက် ***********

ကြက်ရိုး(သို.) ၀က်ရိုး.................အနည်းငယ် မုန်လာဥဖြူ.............................၂လုံး ဂေါ်ဖီထုပ်................................၁ စိတ် တရုတ်နံနံ................................၃ ပင်

ကြက်ရိုး(သို.)၀က်ရိုးကိုရေဆေးပြီးအိုးတစ်လုံးမှာ မုန်လာဥဖြူ၊ဂေါ်ဖီထုပ်၊တရုတ်နံနံတို.ထည့်ကာ..အပူ ပေးပါ။

ထွက်လာသောအမြှုပ်နှင့်အညစ်အကြေး တို.ကိုခပ်ထုတ်ပေးပါ။ (ပာင်းရည်ကြည်လင်စေရန်ဖြစ်သည်)

ပဲငံပြာရည်အကြည်၊ ပာင်းခတ်မှုန်.( ကြက်သားမှုန်.) ငရုတ်ကောင်းတို.နှင့်အ ရသာသွင်းပါ။

ခေါက်ဆွဲနှင့်အတူထည့်ပြုတ်မည့်ပဲပင်ပေါက်၊ ကန်စွန်းရွက်(သို.) မုန်ညှင်းဖြူ တို.ကိုသန်.စင်ထားပါ။

ကြက်သွန်ဖြူ( ၁၀) တက်ခန်.ထောင်းပြီးကိုမွှမွှလေးကြော် ၊ဆီစစ်ထားပါ။

ကြက်သွန်မြိတ်နဲ.တရုတ်နံနံတို.ကိုရောပြီးပါးပါး လှီးထားပါ။

ခေါက်ဆွဲပြင်ပြီဆိုရင်..ပြုတ်ဇကာအောက်ဆုံးမှာပဲ ပင်ပေါက်၊ ကန်စွန်းရွက်(သို.)မုန်ညှင်းဖြူ ရွက်ကိုထားပြီးခေါက်ဆွဲထည့်ကာရေနွေးဆူဆူမှာ၁ ပွဲစာချင်းစီပြုတ်ပါ။

ပန်းကန်ထဲသို.ထည့်ကာ ပေါင်းထားသောဝက်နံရိုး၁ ယောက်စာထည့်ပြီး၊ ကြက်သွန်ဖြူကြော်၊ တရုတ်နံနံနဲ.ကြက်သွန်မြိတ်လေးဖြူးကာပာင်းရည်ပူပူ လောင်းချပြီး...တွဲဖက်အရသာများဖြည့်စွက်ကာသုံးေ ဆာင်ပါ။

ဆိုင်မှာတော့..၀က်ခေါက်ကြော်၊ ၀က်စလုကြော်လေးေ တွပေါင်းထည့်ကာစား သုံးကြပါတယ်...။

ဆီမပါ၊အနှစ်မပါတဲ့..အရည်ကြည်ခေါက်ဆွဲ တစ်မျိုးဖြစ်ပါတယ်...။