Showing posts with label သုတအဖြာဖြာ မှတ်စရာ. Show all posts
Showing posts with label သုတအဖြာဖြာ မှတ်စရာ. Show all posts

Monday, December 30, 2013

အချိတ်ထည်များ၏ သမိုင်းကြောင်း

အချိတ်သမိုင်း

ပုဂံခေတ်တွင် အချိတ်ထည် ၏ပုံစံများကို ကျောက်စာများ၌တွေ့ရသည် ဟု ကျောက်စာဝန်ထောက်ဟောင်း ဦးမြ၏မှတ်တမ်းများအရ သိရပါသည် ... အမျိုးသမီးဝတ်ဆင်မှု အဖြစ် အပယ်ရတနာ လိုဏ်ဂူ ဘုရားအတွင်းဘက်ရှိ မဟာယနဂိုဏ်း ပန်းချီဆေးရေးများတွင် ရေးဆွဲထားသော တာရာဒေဝီ နတ်သမီး၏ ထဘီမှာ အချိတ်ဆင်ဖြစ်သည်ကိုတွေ့ရသည် ...

ပုဂံ ဥပါလိသိမ်အတွင်းမှ ပန်းချီများသည် အင်းဝခေတ်နောက်ပိုင်းလက်ရာများဖြစ်သည် မင်းညီမင်းသား ရံရွေပုံများကို အချိတ်ပုဆိုး အချိတ်ထဘီအဖြစ် တွေ့ရသောကြောင့် အချိတ်ကို ပုဆိုးအဖြစ် အမျိုးသားများဝတ်ဆင်ခြင်း ကို သက်သေအဖြစ်တွေ့ရသည်

သို့သော် အချိတ်ဟူသော ဝေါဟာရကို ညောင်ရမ်းခေတ်မှသာ စတင်သုံးစွဲခဲ့ကြသည် .... ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ၏ သူဇာပျို့တွင် " ရွှေချည်ချယ်ဘက် လက်ချိတ်ယက်သည် ကပ်ကွက်ကျူးကျော် ဝတ်လဲတော် ကို " ဟု ရေးဖွဲ့ထားပြီး ဟံသာဝတီပါမင်း၏ အမှာတော်ပုံတွင် " လက်ချိတ်လွန်းပျံ ဧကနံ သည်တွင် အစပေါ်လေပြီ " ဟူ၍တွေ့ရသည့်အတွက် ၁၀၉၅ ခုနှစ်မှ ၁၁၁၃ ခုနှစ်အတွင်း အချိတ် ဟူသော ဝေါဟာရ ပါ ပေါ်ပေါက်ခဲ့ပြီကိုတွေ့ရသည်

မင်းတုန်းမင်းတရား ဝတ်ဆင်သောပုဆိုးမှာ ရာမ ဇာတ်လုံးဖော် အချိတ်ထည်ဖြစ်၍ ကြက်တူရွေးရုပ်ပါသော ရွှေခဲချိတ်လိုက်းကို ပုဆိုး၏ အနားမြိတ်၌ ထည့်ရသည် ....

အမရပူရခေတ်ဦး ဗလာပုဆိုးအဖြစ် အချိတ်ဆင် ၃၇ မျိုးမှာ စောင်းတော်ပိုက် , ပေါင်တူစင်း, ပေါင်ဖို ပေါင်မ , ရဲစင်း , တစ်ကြောင်းထိုး , လောကဓာတ် , နဒီဆံကွဲ ,ပတိမ်းဆင် , နှစ်ကိုယ်တွေ့ , ဆောင်တော်ကူး , ရွှေဘိုရိုး, ရွှေဘို နန်းသိမ်း , တိမ်ခိုးဆင် , ကွက်တုံး , စလွယ်စင်း , အဝါစင်း , လိမ္မော်စင်း , ရဲကွက် , နှစ်ထပ်လောကဓာတ် , ရွှေဘို ထိပ်တင် , သံပါတ်ဆင် , ငွေပန်းဆင် , ဒေဝီစင်း , ကျောက်စိမ်းစင်း , မရန်းစင်း , ဒေါနစင်း ,ဘုံတိုင်ဆင် , ရာသက်ပန် ,အဖြူကွက် , ပတ္တမြားဆင် , ဖရဲအူဆင် , ဖူးညိုဆင် (ယောက်ျားမင်းသမီး ဦးဖူးညို ဝတ်ဆင်သော အဆင် ) တို့ဖြစ်၍

ချိတ်အဆင် အနေဖြင့် စာတိုးဆင် ( စာတိုးအရပ်မှ ရက်သောအဆင် ), မြို့ရှေ့ကြီး ဆင် (သို့) မြို့ရေကြီးဆင်( နန်းတော်ရှေ့ ရပ်မှ ရက်သော အဆင် ), မြို့ရေကွဲ ,ရဲရောင်ခံ ၍ ရက်သော ရဲချိတ် , ကျေးငှက်ရုပ်ပါ၍ ကျေးတရာဆင် , ကြက်မြီး, ကေလိပ်ဝဏ္ဏ, ကြိုးကြီး , စိန်နားပန် , သုံးခင်းပန်းဝတ် , အတွင်းဆင် , ကုလားပန်း , စိန်တစ်ခက် , မြတစ်ခက် ,နှစ်ပွင့်ဆိုင် , လိပ်ပြာဆင် ,ကြာဖူးကြာခိုင် , ရွှေတစ်ဆုပ် ငွေတစ်ဆုပ်, ရှစ်ပွင့်ဆိုင်ကြိုးကြီး , ခုနစ်အိမ်ဆင် , ကြိုးကြီး ထိပ်ခေါင်တင် , ရဲဆင်းပန်းဝတ် ,သုံးစင်း နဝရတ် , ဆောင်တော်ကူးဆင် , ဒင်္ဂါးပန်း, တောင်ထိပ်ပန်း , ဖီလာချိတ် , ကိုက်ချိတ် ဟူ၍ အမျိုးမျိုး ရှိကြသည် ...ပုဆိုးရော ထဘီ အဖြစ်ပါ ဝတ်ဆင်ကြသည် ...

မှီငြမ်း - ဆရာမကြီး ဒေါ်စောမုံညင်း ၏ မြန်မာ အမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှုစာအုပ်မှ ...

Sunday, December 15, 2013

" လယ်တီဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ "

" လယ်တီဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ " ★★★★★★★★★★★★★★★ ★★★★★★★★★


လူတို့ လို တီတာတာ ၊ မပြောတတ် ရှာကြလို့ 


ငုတ်တုတ်သာ မပြန်လှန် ၊ပြုသမျှ ခံရသည်


ဌာန်ကရိုဏ်း ပြတ်သား ၊နှုတ်လျာများ တတ်အားလျှင်


နွား တို့ ဆိုရန် ၊ ခွင့်ရှိသည် အမှန်မှာ...


မြန်မာနှင့်ကုလား ၊နှစ်ပြည်ထောင် တိုင်းသားတို့ 


ဖြစ်ပွားသည့် တွက်တာသည် ၊ ငါတို့ မှာသတ္တု


သူတို့ ဘေး သူတို့ ဘိုး ၊ သူတို့ နွယ်တစ်ရိုး


တစ်မျိုးလုံးတစ်ဆွေလုံး ၊ သူတို့ တိုင် မဆုံး


ဒို့ တစ်တွေ ပုခုံးမှာ ၊ မီးဟုန်းဟုန်း ထမတတ်


ဒို့ လုံ့ လ ဒို့ စွမ်းအန် ၊ ဒို့ အပင်ပန်းခံနိုင်လို့ 


အကုန်လုံး စုချေသည် ။


ဆန်စပါး ပြောင်း နှမ်း ၊ ဗူး ခရမ်း ပဲမျိုး


မြေပြင်လုံး ဖြိုးမောက်အောင် ၊ တိုးတက်သည့် ဘဏ္ဍနှင့်


လိုရာတိုင်း ပြည့်စုံ ၊ ကုံလုံကြအသီးသီး


ကျောင်းကြီးဆောက် ဘုရားတည်


တစ်တိုင်းလုံးကြွယ်သည်မှာ ၊ ဘယ်သူက အရင်းဟု


စဉ်းစားဖွယ်မရှိ ၊ထင်အလင်း သိပါလျှက်


သတိပင်မပေါ် ၊ ကျေးဇူးကို မမျှော်........


စိတ်အချော် တိမ်းပါး ၊ မိတ်မတော် စိမ်းကားလျက်


ဒို့ အသား ဒို့ အသဲ ၊ဒို့ အဆီ ရွှဲရွှဲကို


ထမင်းပွဲ အလယ် ၊ အနင့်သားတယ် ပြီးလျှင်


ရယ်ကာနှင့်ပြုံးကာ ၊ အရသာ ခံစား၍


လင်မယားတတွေ ၊ မြုံ့ကြသည့် အနေမှာ


မြဲနိုင်ပေ့ သူတို့ ကိုယ် ၊ မျိုရက်ပေ့ သူ့ ခံတွင်း


ဒို့ . လုပ်သည့် ထမင်းကို ၊ဒို့ ဟင်းလျာ အသားနှင့်


စားကြသည့် ဖြစ်နဲကို ၊ ဒို့ အသဲနာလိုက်ကဲ့ ။