Wednesday, March 5, 2014

လယ်တီဆရာတော်ဘုရားကြီး၏ ပိဋကအစွယ်ချိုးတေးထပ်

လယ်တီဆရာတော်ဘုရားကြီး၏ ပိဋကအစွယ်ချိုးတေးထပ်

တစ်ပိုင်းကြောင် ကျက်စာရရုံနဲ့.. ခက်ပါလှ သဘောဥာဏ် တက်မာန အပြောသန်တယ် ဒေါသမာန် ထူပွား။

စောဒက တုဖက်လာလျှင် သူ့ထက်ငါ ငြင်းတဲ့ လူစား။

ဘုရားဟော မြတ်ဓမ္မခဏ်ကို တတ်လေဟန် ယောင်ဝါး။

ပရမတ်ပြန် အကြောင်သမားတွေတို့ ထောင်လွှားကြ လူ့ဘောင်။

စောဒနာ ဥာဏ်အကောက်တွေနှင့် ကန်အကြောက် အတင်းမရှောင် ငြင်းကြ လူ့ဘောင်။

ပိဋကတ် အစွယ်ထောင်လျှင် အပါယ်ဘောင် ဆင်းရလိမ့် လေး...။

လယ်တီဆရာတော်ဘုရားကြီး

သာသနာ နောက်ဖျား.. ပေါက်ဖွားကြ ဆူဆူ ယောက်ျားပ ငါလိုလူ.. ဇမ္ဗူမှာ ရှာစမ်း.။

အားလုံ့လ အလံထူ စံမတူ ထိုးတော့ဥဒါန်း။

လောကီမှု ပဒေသာ ထွေတလာ ဥာဏ်ဆန်း။

ကေသရာ ဥာဏ်အစွမ်းဟာမို့ ဈာန်လမ်းကို အပြီးတိုင်။

ဝသီဘော်အစုံငါး.. အကုန်သား.. စိုးရပိုင်နိုင်။

ဗြဟ္မာ့အောက်ထက် မိုးခရိုင်မှာ တန်ခိုးမြိုင်မြိုင် အောင်လံစိုက်လို့ စံလိုက်မယ့်ပ အကျော် ငြီးဘူး ပျော်ပျော်.။

No comments:

Post a Comment